လ - မတ် 2018

ရေပေါ်လမ်းလျှောက်ခြင်း

အထူးပင်အေးချမ်းလှသည် ဆောင်းရာသီတစ်ခုတွင် အေးခဲနေသည့်ကန်ရေ မျက်နှာပြင်ကို မြင်တွေ့ခွင့်ရရန် ကမ္ဘာ့ပဉ္စမမြောက် အကြီးဆုံးအိုင်ဖြစ်သည့် မစ်ချီဂန် ရေအိုင်သို့ ကျွန်မ စွန့်စွန့်စားစားသွားခဲ့သည်။ အများအားဖြင့် ကမ်းခြေပေါ်တွင်  အနွေးထည်အထပ်ထပ်ဝတ်လျက် ကျွန်မနေပူစာလှုံလေ့ရှိပြီး မြင်တွေ့ရသည့် မြင်ကွင်း က ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ ရေလှိုင်းများမှာ အလိပ်လိုက်အတိုင်း ရေခဲနေ၍ အနုပညာလက်ရာမြောက် လှသည့် ရေခဲပန်းပုအလား ဖြစ်ပေါ်နေသည်။

ကမ်းစပ်နှင့် ကပ်လျက်ရှိသော ရေမှာအေးခဲနေသည့် အတွက် ‘‘ရေပေါ်လမ်းလျှောက်ရန်’’ ကျွန်မအခွင့်အရေး ရခဲ့သည်။ ရေခဲထုထည်က ကျွန်မ၏ကိုယ်အလေးချိန်ကို ခံနိုင်မှန်း သိသော်လည်း မရဲတရဲနှင့် ပထမခြေလှမ်းစလှမ်း ကြည့်လိုက်သည်။ ရေခဲက ကျွန်မ၏ကိုယ်အလေးချိန်ကို ဆက်ပြီး ခံနိုင်ရည်မရှိမှာကို စိုးကြောက်မိခဲ့သည်။ ဤသို့ ကျွမ်းဝင်မှုမရှိသည့်ရေပြင်ညီပေါ် သတိနှင့်စူးစမ်း လျှောက်လှမ်းနေရင်း လှေပေါ်မှပေတရုကို ဂါလိလဲပင်လယ်ပြင်ပေါ်သို့ သခင်ယေရှု ခေါ်ထုတ်ခဲ့သည့်အကြောင်း ကျွန်မမစဉ်းစားဘဲ မနေနိုင်အောင်ဖြစ်ခဲ့သည်။

သခင်ယေရှု ရေပေါ်၌ လမ်းလျှောက်နေသည်ကို တပည့်တော်များမြင်သောအခါ…

ကောင်းသောရာသီ

ယနေ့သည် ကမ္ဘာ့မြောက်ဘက်ခြမ်း၌ နွေဦး၏ပထမနေ့ဖြစ်သည်။ သြစတြေးလျ နိုင်ငံတွင် သင်နေထိုင်ပါမူ ယနေ့သည် ဆောင်းဦး၏ပထမနေ့ဖြစ်သည်။ အကြောင်းမှာ မြောက်ဘက်မိုးကုတ်စက်ဝိုင်းတွင် နေထွက်ပြီး တောင်ဘက်မိုးကုတ်စက်ဝိုင်းတွင် နေ၀င်သောကြောင့်ဖြစ်သည်။ ယနေ့ နေသည် အီကွေတာပေါ်တွင် တည့်တည့် ထွန်းလင်းနေသောကြောင့် နေ့အချိန်နှင့် ညအချိန်သည် ကမ္ဘာတစ်ဝန်း တွင် တူညီသလောက်ရှိနေပါသည်။

လူများစွာတို့အတွက် ရာသီအသစ်ဝင်ရောက်ခြင်း သည် အရေးကြီးသည်။ အချို့က နေ့ရက်များကို လက်ချိုး ရေတွက်လျက် ရာသီအသစ်က ဆောင်ယူလာမည့်အရာ များကို မျှော်လင့်နေခြင်းကြောင့် ဖြစ်သည်။ အမေရိကန်နိုင်ငံ ၀င်ကွန်စင်းပြည်နယ်၌ဆိုလျှင် ပြက္ခဒိန်ပေါ်တွင် နွေဦး စမည့် နေ့ကို မှတ်သားခြင်းက နောက်ဆောင်းရာသီ ကုန်ဆုံးမည့် အချိန်ကို အချက်ပြနေသည်။ မဲလ်ဘုန်းမြို့၌ဆိုပါက သြစတြေးလျ၏ နေအပူဒဏ်မှသက်သာစေမည့် ဆောင်းဦး ရာသီကို စိတ်မရှည်စွာဖြင့် စောင့်နေမည် ဖြစ်သည်။

ကျွန်ုပ်တို့သည်လည်း ထိုသို့ ရာသီဥတုနှင့်မသက်ဆိုင်သော အသက်တာ၏ ရာသီစက်ဝန်းကို…

နောက်ဘာဖြစ်မှာလဲ

ဆုတောင်းချက်ကို သင်ရွတ်ဆိုပြီးနောက် သင်လုပ်နိုင်တဲ့အရာ ကတော့ သင့်ဘဝသစ်ကို ဘုရားသခင်နဲ့ စတင်နေထိုင်ဖို့၊ သူနဲ့ဆက်ဆံရေး ပိုမို တိုးတက်လာအောင် နေထိုင်ဖို့ဖြစ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေကို အကြံပြုခွင့်ပေးပါ။

ဒါမှမဟုတ် ယေရှုကို သင်ယုံကြည်ချင်ရဲ့လားဆိုတာ စဉ်းစားနေတုန်းဘဲဆိုရင်လည်း စိတ်မပူပါနဲ့။ ဘုရားသခင်နဲ့ယေရှုအကြောင်း…

ပထမခြေလှမ်း စတင်ခြင်း

ယေရှုနောက်လိုက်ဖို့ သင်အသင့်ဖြစ်ပြီလား။

ဖြစ်ပြီဆိုရင် သင့်အတွက် ကားတိုင်ပေါ်မှာ ယေရှုအသေခံခဲ့ပြီး ပြန်လည်ရှင်ပြန် ထမြောက်ခဲ့ကြောင်း၊ သူ့ကိုသခင်၊ ကယ်တင်ရှင်အဖြစ် လက်ခံဖို့ အသင့်ဖြစ်နေကြောင်း၊ ဘုရားသခင်ရဲ့သားတော် ယေရှုကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရဲ့ ခွင့်လွှတ်ခြင်းကို လက်ခံကြောင်း ဘုရားသခင်ကို ကိုယ်တိုင်ပြောပြနိုင်မဲ့ ဆိတ်ငြိမ်ရာ…

ဒါက သင့်အတွက် ဘယ်လိုအဓိပ္ပာယ်ရသလဲ

ဘုရားသခင်ရဲ့ လက်ဆောင်ဖြစ်တဲ့ ကယ်တင်ခြင်းကို သင် လက်ခံလိုခြင်းရှိမရှိကို မဆုံးဖြတ်မီ "ဒါပြီးရင် ဘာဖြစ်မှာလဲ"လို့ မေးကောင်းမေးမိမှာ ဖြစ်ပါတယ်။

သင် ယေရှုထံလှည့်လိုက်တဲ့အခါမှာ အံ့သြဖွယ်အရာများစွာ ဖြစ်ပေါ်ပါတယ်။

ပထမဆုံး သင့်အပြစ်အတွက် ဘုရားသခင်ရဲ့ခွင့်လွှတ်ခြင်းကို လက်ခံရရှိမယ်။ သင့်ကို ဘုရားသခင်က အပြည့်အဝလက်ခံဖို့…

ဘုရားသခင်၏ ကမ်းလှမ်းချက်ကို လက်ခံခြင်း

ယေရှုရဲ့ခမည်းတော်ဟာ ကောင်းမြတ်တဲ့ မေတ္တာတော်အရှင် ဘုရားသခင်ဖြစ်ရုံသာ မကဘဲ ကျေးဇူးတော်အရှင် ဘုရားသခင် ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ သူ့သားတော်နဲ့ သင့်ရဲ့အပြစ်ကို ခွင့်လွှတ်ခြင်းဆိုတဲ့ သူ့လက်ဆောင်ကို လက်ခံဖို့ ဘာသတ်မှတ်ချက်တွေ၊ လိုအပ်ချက်တွေမှ မရှိပါဘူး။ သင်ကောင်းမြတ်ဖို့မလိုသလို ကယ်တင်ခြင်းကိုရဖို့ မိမိဘာသာ…

သေခြင်းမှလွတ်ငြိမ်းချမ်းသာခြင်း

ကျွန်ုပ်တို့အပြစ်ကြောင့် ဘုရားသခင်ပေါ် တင်နေတဲ့အကြွေးအတွက် ပေးဆပ်ရမဲ့ ပြစ်ဒဏ်ကို စဉ်းစားကြည့်ပါ။ (တကယ်တော့ ဒါထက်ပိုပါတယ်။ ဒါပေမဲ့ ဒီလိုဖော်ပြ တာက ရှင်းလင်းပြတာကို ပိုပြီးအထောက်အကူ ဖြစ်စေပါတယ်။) ကျွန်ုပ်တို့ဟာ သဘာဝအတိုင်း အလိုလိုအပြစ်တွေပြည့်နေတဲ့အတွက် ဒီအကြွေးကို ကျွန်ုပ်တို့ဘာသာ ဆပ်ဖို့အတွက်…

ပြဿနာကို ကိုင်တွယ်ဖြေရှင်းခြင်း

လူသားတွေက ဘုရားသခင်ထံကနေ ခွဲထွက်ခဲ့ကတည်းက အပြစ်နဲ့နောက်ဆက်တွဲ အကျိုးတွေကိုဖြေရှင်းဖို့ ကျွန်ုပ်တို့ကြိုးစားခဲ့ကြတယ်။ သိပ္ပံနဲ့ဆေးပညာအားဖြင့် ရောဂါတွေကို ကာကွယ်ဖို့၊ သေခြင်းတရားကို အချိန်ဆွဲဖို့ ကြိုးစားကြတယ်။ စည်းမျဉ်းဥပဒေတွေချမှတ်ပြီး လူမှုအသိုင်းအဝိုင်းကို တည့်မတ်ဖို့ ကြိုးစားတယ်။ လူတွေကို ကိုယ်ကျင့်သိက္ခာနဲ့ပတ်သက်ပြီး သွန်သင်ကြတယ်။ အငြင်းပွားမှုနဲ့စစ်ကို…